Text

လာရောက်လည်ပတ်သူအားလုံးကိုMINMINEmမှထူးကျေးဇူးတင်ရှိပါတယ်ခင်မျာ

Wednesday, November 8, 2017

Format ချမရ​သော SD card များကို Format ချနည်း

တစ်ခါတစ်လေမှာ Write-Protect ပြုလုပ်ထားတဲ့ SD Card, Flash Drive တွေကို Format ပြုလုပ်လို တဲ့အခါမှာ Switch ပါရှိတဲ့ Drive တွေဟာ အလွယ်တကူနဲ့ Switch ကို အဖွင့်အပိတ် ပြုလုပ်ပြီး Format

ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့သော SD Card တွေဟာ Write Protect ပြုလုပ်တဲ့ Switch မရှိဘဲ Write-Protect ဖြစ်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အထဲက ဖိုင်တွေကို ဖျက်ပစ်ချင်သူတွေ၊ SD Card ကို Format ပြုလုပ်ချင်သူများအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Write-Protect ကို Registry ကနေ ဖယ်ရှား ရှင်းလင်းနည်းနဲ့ Command Prompt ကနေ ဖယ်ရှားနည်း

နှစ်နည်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Registry ကနေ ဖယ်ရှားမယ့် နည်းလမ်းကတော့ ပထမဆုံး Run Box ကို ဖွင့်ပြီး Regedit လို့ ရိုက်ထည့် လိုက်ပါ။ ပြီးသွားရင် HKEY_LOCAL_MACHINE ကို ရွေးရမှာ

ဖြစ်ပါတယ်။ HKEY_LOCAL_MACHINE အောက်ရောက်ရင် SYSTEM ကို ရွေးပေးရပါမယ်။ အဲဒီ

အောက်ကမှ Current ControlSetControlStorage ဆိုတဲ့ လမ်းကြောင်းအတိုင်း ရွေးချယ်ပေးသွားရ မှာ ဖြစ်ပါတယ်။

Stroage ဆိုတဲ့အောက်ကို ရောက်ပြီဆိုရင် ညာဘက်အခြမ်းမှာ Write Protect ဆိုတဲ့ ဖိုင်လေးကို တွေ့ ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဖိုင်လေးကို Double Click နှိပ်ပြီး တန်ဖိုးနေရာမှာ 0 ပေးထားလိုက်ပါ။ ပြီး သွားရင်တော့ Registry ထဲက ထွက်ပြီး ကွန်ပျူ တာကို Restart ပြုလုပ်ပေးလိုက်ရင် အဆိုပါ SD Card ဒါမှ မဟုတ် USB Drive တွေကို Write Protect ပြုလုပ်ထားတာ ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။

Command Prompt ကနေ ပြုလုပ်ချင်သူတွေအနေနဲ့ Command Prompt ကို ဖွင့်ဖို့အတွက် Run Box မှာ cmdဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ Windows 8 အသုံးပြု သူတွေဆိုရင်

တော့ cmd ကို ရိုက်ထည့်ပြီးရင် Run as Administrator ဆိုတာကို ရွေးချယ်ပြီး ဝင်ရမှာဖြစ်ပါတယ်။ Command Prompt ထဲကို ရောက်ပြီဆိုရင် ဖော်ပြပါ Command တွေကို တစ်ဆင့်ချင်းအသုံးပြု ရမှာ ဖြစ် ပါတယ်။

ပထမဆုံး diskpart ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ Diskpart လမ်းကြောင်းအောက် ရောက် သွားပြီဆိုရင် list disk ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ ဒီနေရာမှာ တပ်ဆင်ထားတဲ့ Stroage Device တွေ အကုန်လုံးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် select disk x (x ဆိုတဲ့ နေရာမှာ မိမိ Write Protect ဖယ်ချင်တဲ့ Device ရဲ့ နံပါတ်ကို ရွေးပေးရမှာ ဖြစ်ပါတယ်) ဆိုတာကို ရိုက် ထည့်ရ မှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ attributes disk clear readonly ဆိုတာကို ရိုက်ထည့်ပြီး

နောက်တစ်ကြောင်းမှာ clean ဆိုပြီး ထပ်မံ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။

ဖိုင်တွေကို ရှင်းပြီး သွားပြီဆိုရင် Partition ပြုလုပ်ပေးဖို့အတွက် create partition primary ဆိုတာကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ formatfs=ntfs ဆိုပြီး ရိုက်ထည့်လိုက်ရင် Write Protect မိနေတဲ့ Device တွေကို Disk Part ပေါ်ကနေ ဖယ်ရှားပေးပြီး Format ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment