Text



လာရောက်လည်ပတ်သူအားလုံးကိုMINMINEmမှထူးကျေးဇူးတင်ရှိပါတယ်ခင်မျာ


Wednesday, November 8, 2017

Format ချမရ​သော SD card များကို Format ချနည်း

တစ်ခါတစ်လေမှာ Write-Protect ပြုလုပ်ထားတဲ့ SD Card, Flash Drive တွေကို Format ပြုလုပ်လို တဲ့အခါမှာ Switch ပါရှိတဲ့ Drive တွေဟာ အလွယ်တကူနဲ့ Switch ကို အဖွင့်အပိတ် ပြုလုပ်ပြီး Format<br>
ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့သော SD Card တွေဟာ Write Protect ပြုလုပ်တဲ့ Switch မရှိဘဲ Write-Protect ဖြစ်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ အထဲက ဖိုင်တွေကို ဖျက်ပစ်ချင်သူတွေ၊ SD Card ကို Format ပြုလုပ်ချင်သူများအနေနဲ့ အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။<br>

Tuesday, November 7, 2017

Neo 8 ဖြင့်​ အ​ခွေ Burn နည်း (videos)


 -----------------                 -------------------------------                     ---------------------





ဒီအောက်မှာတော့ Nero8 Essentials နဲ့ အခွေကူးပြထားပါတယ်.. အပေါ်ပုံတွေနဲ့ လုပ်နည်းအတူတူပါပဲ.. အဝင်မှာ နည်းနည်း မတူတာလေးပါပဲ.. ကျန်တာအားလုံး အတူတူပါပဲ.. MP3 ဆိုရင် အောက်ကပုံအတိုင်း သွားရင်လည်း ရပါတယ်.. ဒုတိယပုံနဲ့ ပိုလွယ်တဲ့ အတွက် ဒုတိယပုံနဲ့ လုပ်ပြထားပါတယ်..

Friday, November 3, 2017

ဝင်ဒိုးအသစ်တင်ပြီးတိုင်း မဖြစ်မနေ အင်စတောလုပ်ရတဲ့ဆော့ဝဲများဖြစ်တဲ့ - All in One Runtimes 2.3.6 Computersoftware



 

All in One Runtimes 2.3.6 နောက်ဆုံးထွက် Update လေးတင်ပေးလိုက်ပါတယ်။ ဝင်ဒိုးအသစ်တင်ပြီးတိုင်း မဖြစ်မနေ အင်စတောလုပ်ရတဲ့ဆော့ဖ်ဝဲများဖြစ်တဲ့ All in One Runtimes လေးကိုတင်ပေးလိုက်ပါတယ်။ Net Framework.DirectX,Flash Player, Java,Visual C++,Sliverlight.စသည်တို့ကို တခုချင်းရှာဖွေ ဒေါင်းလုပ်နေဖို့မလိုဘဲ Runtimes 2.3.6 Setup ကိုအင်စတောလုပ်ရုံနဲ့ အားလုံးအင်စတောလုပ်ပြီးဖြစ်သွား မှာပါ။ ဖိုင်ဆိုဒ်ကတော့ 364 Mb ရှိပြီး Windows XP/ Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်မှာပါ။ အသုံးပြုလိုတဲ့သူများ အောက်က Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။

Thursday, October 26, 2017

Photodex ProShow Producer 9.0.3772 + Patch Key Full 2017






Video Edition ပြုလုပ်တဲ့

ဘလော့မှာ မြန်မာပြက္ခဒိန်-ရက်စွဲလေး ထည့်နည်း




Microsoft Excel 2007 ဖြင့် စာရင်းသွင်းနည်း လက်စွဲ


Windows7 မှာ Startup and Shut down မြန်အောင်လုပ်နည်း





 ဒီအောက်က ပုံလေးတွေအတိုင်း လိုက်ပြောင်းပေးလိုက်ပါဗျာ..။ အားလုံး ပြောင်းပြီးရင်တော့.. လက်တွေ့သိရအောင် မိမိတို့ရဲ့ကွန်ပျူတာကို Restart ချကြည့်လိုက်ပါ..။

အရင်ဆုံး Start Menu ကနေသွားပြီး Search Programs and Files နေရာမှာ ပုံထဲမှာပြထားတဲ့ စာသားကို ရိုက်ထည့်လိုက်ပါ..။ ပုံထဲကအတိုင်း ပေါ်လာရင် နံပါတ်စဉ်တိုင်း အဆင့်ဆင့် နှိပ်သွားလိုက်ပါ..

Windows Media Player Error ဖြေရှင်းနည်း






ဒီနည်းလေးက Windows7 မှာ လုပ်တဲ့နည်းလေးပါ..။ ဒီအပေါ်က အစ်ကိုရေးထားသလို Window Media Player Error အတွက် ဒီနည်းလေးနဲ့ အဆင်ပြေမယ်ထင်ပါတယ်..။ ဟိုတနေ့က ပေးထားတဲ့လင့်က လုပ်နည်းလေးကို English လို ရေးထားတဲ့ ဆိုဒ်တခုကို ရှာပြီးပေးလိုက်တာပါ..။ အဲ့နေ့က မအားလို့ ဒီနေ့တော့ Error ရှင်းနည်း နောက်တမျိုးကို နားလည်လွယ်အောင် ပုံလေးတွေနဲ့ ဖေါ်ပြပေးလိုက်ပါတယ်..။ ဒီလိုအဲရာတွေ အများဆုံးဖြစ်တတ်တာ Windows ထဲမှာရှိတဲ့ Window Media Player 12 ကို ထည့်လိုက်တဲ့အခါ ဒါမှမဟုတ် Update လုပ်လိုက်မိတဲ့အခါ ဒီလိုမျိုးလေးတွေ ဖြစ်တတ်ပါတယ်..။ အခုဒီနည်းက Window Media Player 12 ကို ထုတ်ပစ်ပြီး Window Media Player 11 ကိုပြန်ပြီး ထည့်ပြမယ့်နည်းလေးပါ..။ Window Media Player 12 ကို ထုတ်တာ ရိုးရိုးထုတ်လို့ မရပါဘူး..။ သူ့ဖိုင်တွေရှိတဲ့ နေရာတွေကို လိုက်ရှာပြီး ထုတ်ပစ်ပေးရပါမယ်..။ ဒါကြောင့် အဲ့လို အဲရာဖြစ်တဲ့သူများ အောက်ကပုံလေးတွေအတိုင်း လိုက်လုပ်ပေးလိုက်ပါ..။ အဆင်ပြေသွားပါလိမ့်မယ်..။ တကယ်လို့ Player 11 မှာဖြစ်ရင် Player 10 ကိုယူပြီးထည့်ပါ..။ အောက်မှာ လင့်လေးတွေ ချိတ်ပေးလိုက်ပါတယ်..။ မိမိတို့အတွက် အဆင်ပြေမယ့် Player ကို ရှာပြီး အရင် ဒေါင်းယူလိုက်ပါဗျာ..

Windows 7 မှ Drivers များကို Windows 8 မှာ မဝင်၊ ဝင်အောင် Driver Force ရိုက်ထည့်နည်း



 W8မှာ မြန်မာစာဖေါင့်ပါပြီးသားမို့ Zawgyi-One ထည့်ပြီး ဖေါင့်ပြောင်းပေးမှသာ မြန်မာစာအမှန်ပေါ်မှာပါ.။ အားလုံးပဲအဆင်ပြေကြပါစေ.

Files စီနည်း




ကျနော်တို့ ကွန်ပျူတာကို အသုံးပြုလာတာ ကြာလာတာနဲ့ အမျှ ကွန်ပျူတာထဲမှာရှိတဲ့ ဖိုင်တွေဟာ ဖရိုဖရဲနဲ့ ဟိုရောက်ဒီရောက်ဖြစ်နေပါတယ်..။ အဲဒီလိုဖြစ်နေတဲ့ ဖိုင်တွေကို ကျနော်တို့ ဖွင့်တဲ့အခါမှာ ကွန်ပျူတာဟာ လိုက်ရှာပေးနေရတာဖြစ်တဲ့အတွက် အလွယ်တကူ ရှာမတွေတဲ့အခါ အချိန်ကြာစေပါတယ်..။ စက်ကိုလေးစေပါတယ်..။ အခုဒီနည်းလေးက အဲလိုဖြစ်နေတဲ့ဖိုင်တွေကို စနစ်တကျနဲ့ ပြန်စီပေးပါလိမ့်မယ်..။ နောက်ပြီး Error တွေနဲ့ Bad Sector တွေကိုလည်း ပြန်လည်ကောင်းမွန်စေမှာ ဖြစ်တဲ့အတွက် ဖိုင်စီပြီးသွားတဲ့ အခါ မိမိတို့ရဲ့ ကွန်ပျူတာဟာ အရင်ကထက် ပိုမိုမြန်ဆန်လာတာကို တွေ့ရပါလိမ့်မယ်..။

Computer ကိုလေးစေသည့် Windows logs များရှင်းနည်း


Software မသုံးပဲ Computer ထဲက အမှိုက်များ ရှင်းနည်း


Computer မှာ Folder တွေနဲ့ Filesတွေမှာ မြန်မာစာပေါ်အောင်လုပ်မယ်




ကျနော်တို့ Windows themes လို့ခေါ်တဲ့ Desktop မှာ မြင်နေရတဲ့ Windows Back ground ပုံတွေကို ပြောင်းလိုက်တဲ့အခါ မြန်မာလို ရေးပြီး သိမ်းထားတဲ့ ဖိုဒါတွေနဲ့ ဖိုင်တွေမှာ လေးထောင့် အတုံးအကွက် လေးတွေပဲမြင်ရပါတော့တယ်..။ မြန်မာစာ မပေါ်တော့ပါဘူး..။ အခုဒီနည်းလေးနဲ့ မြန်မာစာ ပြန်ပေါ်အောင်လုပ်ပါမယ်.. အောက်ကပုံလေးတွေကို ကြည့်ပြီး လုပ်ကြည့်လိုက်ပါဗျာ..

CD / DVDအခွေမကူးတတ်သေးတဲ့ သူများအတွက် ခွေကူးနည်း လမ်းညွှန်




ကွန်ပျူတာကို ကျွမ်းကျင်ပြီးသား သူများအနေနဲ့ ကျနော့် Blog လေးက ရယ်စရာ၊ ကလေးကစားစရာ Blog လေးတခုလို ဖြစ်နေပါလိမ့်မယ်.. ကျနော့်လို Blog မျိုး ရှိကောင်းရှိနိုင်ပါတယ်.. ဒါပေမယ့် ကျနော်ရှာလို့ မတွေ့သေးပါ.. ကျနော် ဆော့ဝဲလ်တခု တင်ပေးလိုက်ရင် အနည်းဆုံးတော့ အကြမ်းမျဉ်း သုံးတတ်အောင် ကျနော်ရှေ့ကနေ လုပ်ပြပေးတာ အကျင့်လိုဖြစ်နေပါပြီ.. အဲ့အတွက် ကျနော် အချိန်တွေ အများကြီးပေးရပါတယ်.. ပုံတွေများရင် များသလို နာရီပေါင်း များစွား အချိန်ကုန်ပါတယ်.. ကျနော်မအားတဲ့ ရက်တွေမှာ မေးထားတဲ့ မေးခွန်းလေးတွေ ၊ တောင်းထားတဲ့ ဆော့ဝဲလ်တွေ တင်မပေးနိုင်ခဲ့ရင် နားလည်ပေးကြပါဗျာ.. တခြား Blog တွေလို တစ်ရက်ထဲ ဆော့ဝဲလ် ၅ခု၊ ၁၀ခု တင်ပေးလို့ ရပါတယ်.. ဒါပေမယ့် သူငယ်ချင်းတို့ သုံးလို့ရချင်မှ ရမယ်.. သုံးတတ်ချင်မှ သုံးတတ်မယ်.. အဲ့လိုဆို ပေးတဲ့လူအတွက်လည်း အကျိုးမရှိဘူး.. ဒေါင်းယူရတဲ့ လူအတွက်လည်း အချိန်ကုန်ပြီး အကျိုးမရှိဘူး.. ကျနော်အဲ့လို တွေးမိပါတယ်.. ဒါကြောင့် ကျနော်တခုခုတင်လိုက်တိုင်း သုံးတတ်ပြီး ၊ သုံးလို့ရပြီး အကျိုးရှိတာလေးတွေကိုပဲ တင်ပေးချင်ပါတယ်.. ပိုစ့်တင်တာ နည်းတဲ့ အခါကျရင်တော့ ကျနော်မအားလို့ဆိုတာ နားလည်ပေးကြပါဗျာ..

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-တစ်



Video Edit လုပ်နည်း လေ့ကျင့်ခန်းလေးတွေကို တောင်းထားတဲ့လူလည်းများသလို ကျနော်လည်း တင်ပေးချင်နေတာ ကြာပါပြီ..။ လွယ်ကူပြီး အခြေခံလုပ်နည်းလေးတွေလည်း ဖြစ်မယ့် အပိုင်းလေးတွေကို စဉ်းစားရင်း ပုံတွေ ထုတ်လိုက်တာ အတော်လေးများသွားပါတယ်..။ ဒါကြောင့် အပိုင်း ၁-၂-၃ စသဖြင့် အပိုင်းလေးတွေနဲ့ ပိုစ့်တွေခွဲပြီး တင်ပေးပါ့မယ်..။ ဒီနေ့ပိုစ့်မှာတော့ MP4 video ဖိုင်လေးတွေနဲ့ လုပ်ပြပေးထားပြီး တခြား video ဖိုင်တွေကိုလည်း ဒီနည်းတွေနဲ့ပဲ လုပ်ယူတာဖြစ်ပါတယ်..။ အဓိက ကတော့ ပုံထွက်ကောင်းဖို့၊ video ဆေးသား ဆေးရောင်လှဖို့နဲ့ အသံကြည်လင်ဖို့ ဆိုရင် မိမိတို့ ဖြတ်ဆက်ထည့်မယ့် Video ဖိုင်က ဖိုင်ဆိုဒ်ကြီးကြီးနဲ့ ဒေါင်းယူတတ်ဖို့လိုပါတယ်..။ ဥပမာ ဒီပိုစ့်မှာ လုပ်ပြထားတဲ့ video ဖိုင်တွေဆိုရင် MP4 width နဲ့ height မှာ 1280x720 ဆိုဒ်တွေနဲ့ အသုံးပြုထားတာ ဖြစ်ပါတယ်..။ အသေးဆုံးဆိုရင်တော့ MP4 960x720 လောက်ထိပဲ ဆိုဒ်သေးတာ ကောင်းပါတယ်..။ သူ့ထက်ဆိုဒ်သေးလွန်းရင် ရုပ်ပုံတွေ အထွက်မှာ ဝါး သွားတတ်ပါတယ်..။ ဆိုဒ်ကြီးရင်တော့ ဘယ်လောက်ကြီးကြီး ဆိုဒ်ကြီးလေး video edit လုပ်တဲ့အခါ ရုပ်ထွက်နဲ့ ဆေးရောင်တွေ လှလေပါပဲ..။ 

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-နှစ်



 မနေ့က လေ့ကျင့်ခန်း အပိုင်း(၁) ပိုစ့်မှာ video MP4 ရဲ့ အသံနဲ့ရုပ်တွေကို ခွဲထုတ်နည်း၊ video တွေရဲ့ လိုချင်တဲ့အပိုင်းလေးကိုပဲ ဖြတ်ယူနည်း၊ Effects တွေနဲ့စာသားတွေ ထည့်သုံးတဲ့အခါ Preview နဲ့ ကြည့်နည်း၊ Effects တွေကို video နှစ်ခုကြားမှာ ဆွဲထည့်နည်းတွေကို ဖေါ်ပြ ရှင်းပြပေးခဲ့ပြီး ဖြစ်ပါတယ်..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-သုံး




ကျနော်လက်တွေ့ အသုံးချခဲ့တဲ့ ဒီ Video Edit လုပ်နည်းတွေကို သီချင်း ၁၂-ပုဒ်ပါတဲ့ Master DVD တစ်ချပ် ဖန်တီးလို့ရတဲ့အထိ ကျနော်ပိုစ့်တွေ အပိုင်းလိုက် တစ်ခုပြီးတစ်ခု မကြာမကြာ ဆက်တင်ပေးသွားပါမည်..။ အဲ့ဒီ ဖန်တီးပြီးတဲ့ DVD မှာ.. DVD Player နဲ့ ဖွင့်တဲ့အခါ သီချင်းတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် Next နဲ့ ကျော်ကြည့်လို့လည်းရမယ်၊ Previous နဲ့လည်း နောက်ပြန်ဆုတ်လို့ရမယ်၊ DVD Player စက်ထဲက အခွေထည့်လိုက်တာနဲ့ Menu မှာ မိမိထားလိုတဲ့ video ဒါမှမဟုတ် ဓါတ်ပုံနဲ့ နောက်ခံ တေးသီချင်းကိုလည်း ထည့်သုံးလို့ရမယ်၊ Play နဲ့ Select Screen စတဲ့အပိုင်တွေကိုလည်း တခုစီ ရွေးဖွင့်ကြည့်လို့ရမယ်၊ ဒီလုပ်နည်းက DVD တစ်ချပ်ထဲမှာ ရုပ်ရှင် video ဇတ်ကားတွေ အများကြီး ထည့်နည်းနဲ့ လုပ်နည်းတူပါတယ်..။ ဒါကြောင့် မသိသေးတဲ့ လေ့လာခါစသူများကတော့ နောက်ပိုင်း ပိုစ့်တွေကိုလည်း ဆက်လက်လေ့လာဖို့ လိုအပ်ပါတယ်..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-လေး





ဒီနေ့ Video Edit အပိုင်း-လေး ပိုစ့်မှာတော့.. လေ့လာခါစသူများအတွက် Video Edit နည်းပညာကို အနည်းငယ် ပိုမိုလုပ်တတ်အောင် လုပ်နည်း၊ အသုံးပြုနည်းလေးတွေ ထပ်တင်ပြပေးလိုက်ပါတယ်..။ စာသားတွေ အဝင် အထွက်မှာ Effects လေးတွေထည့်သုံးနည်း၊ မိမိတို့ရဲ့ video ကို မိမိတို့ပြလိုတဲ့ နေရာလေးကို ပုံကြီးချဲ့ပြလို့ရတဲ့ Zoom ဆွဲနည်း၊ video ရဲ့ လိုချင်တဲ့ အပိုင်းလေးကို နောက်ပြန်သွား (နောက်ပြန်လမ်းလျှောက်အောင်) လုပ်နည်း၊ နှေးနှေးပြလိုတဲ့ video အပိုင်းကို Slow Motion ဖြစ်အောင်လုပ်နည်း၊ ပုံမှန်ထက် အရမ်းမြန်အောင် လုပ်နည်း၊ video တွေကို ဒေါင်လိုက် ပြောင်းပြန် စသဖြင့် လိုသလို လှည့်ပါတ် ပြနည်း၊ နောက်တခုကတော့ မိမိတို့ရဲ့ video ကို အရောင်မျိုးစုံပြောင်းတာ ကာလာတင်တာ၊ ကာလာလျှော့တာ၊ အဖြူအမဲ၊ video နှစ်ပိုင်းခွဲပြနည်းတွေပါ ဒီနေ့ အပိုင်း-လေး ပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-ငါး (DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ပထမပိုင်း)





 ဒီနေ့ Video Editing လေ့ကျင့်ခန်း အပိုင်း-၅ ပိုစ့်မှာတော့.. DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်းကို တခါတည်း အကုန်တင်ပေးချင်ပေမယ့် ပုံတွေများလွန်းတဲ့အတွက် ပထမပိုင်းအဖြစ်သာ အပိုင်းထပ်ခွဲပြီး တင်ပေးလိုက်ရပါသည်..။ ဒုတိယပိုင်းကိုတော့ နောက်ရက်မှာ ဆက်တင်ပေးပါမည်..။ 
  ဒီပိုစ့်က လုပ်နည်းတွေမှာ DVD သီချင်းခွေတချပ်ရဲ့ DVD Player ထဲမှာ ဖွင့်ဖွင့်ခြင်း ပေါ်လာတတ်တဲ့ Play All နဲ့ Select Songs တွေကို ရွေးယူကြည့်လို့ရမယ့် လုပ်နည်းတွေ ဖြစ်ပြီး.. Select Songs နေရာမှာတော့ မိမိတို့ ထားလိုတဲ့ သီချင်းတွေကို 1-2-3-4-5 စသဖြင့် စီတန်းပြီး ထည့်ထားလို့ရမှာ ဖြစ်ပါတယ်..။ ၎င်းနေရာကနေ ကြိုက်နှစ်သက်ရာ သီချင်းတပုဒ်စီကို ရွေးချယ်ဖွင့်ကြည့်နိုင်ပါတယ်..။ Play All နေရာကနေ ဖွင့်ရင်တော့ သီချင်းတွေကို မိမိတို့စီထားတဲ့အတိုင်း တစ်ပုဒ်ပြီးတစ်ပုဒ် ပြီးတဲ့အထိ ဖွင့်ပြပေးပါလိမ့်မယ်..။ မိမိတို့အရင်နားထောင်လိုတဲ့ သီချင်းတွေကိုလည်း Next နဲ့ ကျော်ယူကြည့်ရှုနိုင်မှာ ဖြစ်ပြီး Previous နဲ့လည်း နောက်ပြန်ကျော်ယူကြည့်လို့ ရပါတယ်..။ နောက်တခုကတော့ သီချင်းစာသားတွေနဲ့ video အပိုင်းတွေကို ဆက်ထားပြီးတဲ့ Video Edit လုပ်ထားပြီးသား သီချင်းတစ်ပုဒ်ကို DVD အခွေထုတ်ဖို့အတွက် ဘယ်လိုဖေါ်မတ်၊ ဘယ်လို Width နဲ့ Height ကို ရွေးယူရမယ်ဆိုတာကိုလည်း ဒီပိုစ့်မှာ လုပ်ရင်းနဲ့ ပြပေးထားပါတယ်..။ 

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-ခြောက် (DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ဒုတိယပိုင်း)







ဒီ Video Editing လေ့ကျင့်ခန်း ပိုစ့်မှာတော့ DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ဒုတိယပိုင်း၊ အပြီးပိုင်းကို Master DVD ခွေ တစ်ချပ် ထုတ်ယူလို့ ရတဲ့အထိ ပုံလေးတွေနဲ့ ဆက်လက်တင်ပြပေးထားပါတယ်..။ နောက်ရက်တွေ ဆက်တင်ပေးမယ့် ပိုစ့်တွေမှာတော့ DVD သီချင်းခွေ ထုတ်ယူလို့ ရတဲ့ အကောင်းဆုံးဆော့ဝဲလ် နောက်တခုကိုလည်း ဆက်လက်တင်ပေးပါအုန်းမည်..။ CD သီချင်းခွေ ထုတ်တတ်ချင်တဲ့သူများအတွက်လည်း၊ CD သီချင်းခွေ ထုတ်နည်းနဲ့ ဆော့ဝဲလ်ကို ထပ်တင်ပေးပါမည်..။
 နောက်တခုက ဒီပိုစ့်မှာ မိမိတို့ ဖန်တီးထားပြီးတဲ့ DVD Menu နဲ့ Chapters ဒီဇိုင်းတွေကို အခွေမကူးခင် Preview နဲ့ ပြန်လည် ကြည့်လို့ရအောင်၊ ကြည့်နည်းကိုပါ ဒီပိုစ့်မှာ နမူနာကြည့်လို့ရအောင် တစ်မိနစ်ကျော်စီကြာတဲ့ Video ဖိုင်လေး ၂-ခုနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီ Video လေးတွေကို ကြည့်ပြီး.. မိမိတို့ ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကို ဖန်တီးယူသုံးလို့ ရအောင်ဖြစ်ပါတယ်..။ အသုံးလိုတဲ့သူများအတွက် မနေ့က ပထမပိုင်းရဲ့ အဆက်ကနေ ဒီနေ့ နောက်ပိုင်းပြီးတဲ့အထိ အောက်မှာ ပုံလေးတွေနဲ့ ဆက်လက်လေ့လာနိုင်ပါပြီ..။

BLog ဆိုင်ရာ

http://tayzarnaing.blogspot.com/search/label/ဘလော့နည်းပညာ

Computer Software များစုဆည်းမှု


ဆော့ဝဲလ် ပေါင်းချုပ်

Windows 7 မှ Wifi ပြန်လွှင့်နည်း